ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ကျင်းပခဲ့ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ကျင်းပခဲ့ခြင်း (၁၄-၃-၂၀၂၃ ရက်၊ နယူးဒေလီ) ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက် ညနေပိုင်းတွင် Shangri-La Eros ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ၂။ အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန Minister of State H.E. Shri B. L. Verma မှ အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ အရာရှိကြီးများ၊ နယူးဒေလီမြို့ရှိ သံတမန်အဖွဲ့ နာယက၊ အာဆီယံနို်ငငံများ၊ တရုတ်၊ ကိုရီးယား၊
Read more