ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ကျင်းပခဲ့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ကျင်းပခဲ့ခြင်း

(၁၄-၃-၂၀၂၃ ရက်၊ နယူးဒေလီ)

၁။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက် ညနေပိုင်းတွင် Shangri-La Eros ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန Minister of State H.E. Shri B. L. Verma မှ အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ အရာရှိကြီးများ၊ နယူးဒေလီမြို့ရှိ သံတမန်အဖွဲ့ နာယက၊ အာဆီယံနို်ငငံများ၊ တရုတ်၊ ကိုရီးယား၊ ရုရှား၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကာဇတ်စတန်၊ ကူဝိတ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ဆော်ဒီအာရေဗျ ၊ ဆီးရီးယား၊ အီရန် အစရှိသည့် နို်ငငံများမှ သံအမတ်ကြီး များ/သံရုံးယာယီတာဝန်ခံများနှင့် ဇနီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် ဇနီးများ၊ စစ်သံမှူး များနှင့် ဇနီးများ၊ သံတမန်များ၊ မဏိပူပြည်နယ်မှ ဥပဒေပြုအမတ်၊ အာရှ-အာဖရိကဥပဒေ အတိုင်ပင်ခံအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်၊ အိန္ဒိယစီးပွားရေးနှင့်ကုန်သွယ်ရေးအဖွဲ့ (IETO)၊ အိန္ဒိယ-အာဆီယံကုန်သွယ်ရေးကောင်စီအပါအဝင် အိန္ဒိယ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ မြန်မာ-အိန္ဒိယအသိုက်အဝန်းမှဧည့်သည်တော်များ စုစုပေါင်း (၁၅၀) ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

၃။       အခမ်းအနားတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် Minister of State နှင့်အတူ အာဆီယံသံအမတ်ကြီးများ/ သံရုံးယာယီ တာဝန်ခံများ၊ ဧည့်ခံပွဲသို့ တက်ရောက်လာသည့် သံအမတ်ကြီးများနှင့်အတူ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့ကာ ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။