မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပခဲ့ခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ညနေပိုင်းတွင် ITC Maurya ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ Minister of State H.E. Dr. Rajkumar Ranjan Singh မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ အိန္ဒိယပြည်နယ်အစိုးရများမှ အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး (SCO)အဖွဲ့ဝင် နိုင်ငံများ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၊ အရှေ့ဥရောပနိုင်ငံများ၊ အာရပ်ပင်လယ်ကွေ့နိုင်ငံများ နှင့် အခြားမိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများ၊ India Foundation မှ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အိန္ဒိယနိုင်ငံ Chamber of Commerce မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Indian Economic Trade Organization (IETO)၊Federation of Indian Chambers of Commerce & Industry (FICCI)၊ Confederation of Indian Industry (CII)၊ PHD Chamber of Commerce and Industry (PHDCCI)၊ SCO Business Council  နှင့် Invest India၊ အပါ အဝင် အိန္ဒိယနိုင်ငံရှိ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ မြန်မာ-အိန္ဒိယ အသိုက် အဝန်းမှ ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ် အလေးပြုခဲ့ကြပြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ မိန့်ခွန်းပြော ကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာသံအမတ်ကြီးနှင့် အထူးဧည့်သည်တော် Minister of State H.E. Dr. Rajkumar Ranjan Singh တို့က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြု ကိတ်မုန့် လှီးပေးခဲ့ပြီး မြန်မာသံအမတ်ကြီးနှင့် အထူးဧည့်သည်တော်တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများ/သံရုံးယာယီတာဝန်ခံများ၊ ဧည့်ခံပွဲသို့ တက်ရောက်လာကြသည့် သံအမတ်ကြီး များနှင့်အတူ မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

မြန်မာသံအမတ်ကြီးက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ် သည့်အားလျော်စွာ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် အချင်းချင်း အမှီသဟဲပြု၍ အတူတကွ အေးချမ်းစွာ ယှဉ်တွဲနေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ထိုကဲ့သို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ရင်းနှီး ချစ်ကြည်သည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်နိုင်ရန် နှစ်ဘက်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာသံရုံးအနေဖြင့်လည်း နှစ်နိုင်ငံ အစိုးရချင်းသာမက နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများအကြား ကူးသန်းသွားလာမှုနှင့် စီးပွားဆက်သွယ် မှုများ ပိုမိုအားကောင်းလာစေရေးနှင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် စဉ်ဆက် မပြတ် ဆက်သွယ်ကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစလုံး အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင် ရွက်မှုများ အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာ့ရိုးရာ အစားအစာများပါ ထည့်သွင်းဧည့်ခံခဲ့ပြီး မြန်မာ့တူရိယာ၊ ပန်းချီ၊ ယွန်းထည်၊ ပုသိမ်ထီး၊ ကျောက်စိမ်း၊ ရိုးရာနှင့် လက်ယက်ကန်းထည်များစသည့် မြန်မာ့ ရိုးရာလက်မှုပစ္စည်းများ၊ ခရီးသွားလာမှု မြှင့်တင်ရေး လက်ကမ်းစာစောင်များ ခင်းကျင်းပြသကာ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။