Author: Embassy of Myanmar
Quarterly Report
Arrival Form for Government Scholars
နယူးဒေလီမြို့ မြန်မာသံရုံးမိသားစု တန်ဆောင်တိုင်ဆီမီးထွန်းပွဲ ကျင်းပခဲ့ခြင်း
နယူးဒေလီမြို့ မြန်မာသံရုံးမိသားစု၏ တန်ဆောင်မုန်းလပြည့်ည ဆီမီးထွန်းပွဲတော်ကို ၂၉-၁၁-၂၀၂၀ ရက် ညချမ်းတွင် နယူးဒေလီမြို့၊ မြန်မာသံရုံးရှိ မြန်မာဂေဟာ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုမှ တန်ဆောင်တိုင်ဆီမီးထွန်းညှိခြင်း၊ မယ်ဇလီဖူးသုပ်များ သုံးဆောင်ခြင်းဖြင့် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါသည်။
Read moreပိဋကတ်သုံးပုံ ရွတ်ဆိုပူဇော်ပွဲအခမ်းအနားနှင့် ကုသိနာရုံမြန်မာကျောင်းဆရာတော်ကြီး၏ (၈၅)နှစ်မြောက် မွေးနေ့အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်ခဲ့ခြင်း
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် Uttar Pradesh ပြည်နယ်၊ ကုသိနာရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ပိဋကတ်သုံးပုံရွတ်ဆိုပူဇော်ပွဲအခမ်းအနားပိတ်ပွဲသို့ တက်ရောက်ခဲ့ပြီး ရွတ်ဆိုပွဲ တွင် ပါဝင်ခဲ့သည့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ တစ်ဆက်တည်းတွင် ကုသိနာရုံမြန်မာကျောင်း ဆရာတော်ကြီး မဟာသဒမ္မဇောတိကစရ အဂ္ဂမဟာပဏ္ဏိတ ဘဒန္တအရှင်ဉာဏိဿရ၏ (၈၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခဲ့ပြီး ဓမ္မပူဇာအခမ်းအနားသို့လည်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် သံအမတ်ကြီးသည် Member of Parliament ဖြစ်သူ Mr. Vijay Dubey ၊ District Magistrate ဖြစ်သူ Mr. Bhupendra Kumar Chaudhury နှင့် Subdistrict Magistrate ဖြစ်သူ Mr. Purna Borah
Read more