Myanmar Embassy Observes National Mourning Campaign (1-4-2025, New Delhi)

In observance of the national mourning period from 31st March to 6th April, the national flag at the Embassy of the Republic of the Union of Myanmar will be flown at half-mast.
As part of the national mourning campaign, the Ambassador of Myanmar, along with Embassy officials and representatives from the Office of the Military, Naval, and Air Attaché in New Delhi, participated in a solemn one-minute silence on 1 April 2025. This was observed in front of the flag flown at half-mast, at the local time corresponding to 12:51:02 hrs. Myanmar Standard Time, in tribute to the tragic loss of life caused by the devastating earthquake that struck central Myanmar on 28th March 2025.

နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုတွင် မြန်မာသံရုံးမှပါဝင်ခဲ့ခြင်း

(၁-၄-၂၀၂၅ ရက်၊နယူးဒေလီ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်း အမှတ်ရက်နေ့ကို ၃၁-၃-၂၀၂၅ ရက်နေ့မှ ၆-၄-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် သတ်မှတ် ကြေညာထားစဉ် ကာလအတွင်း နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံ တော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင်ထူထားမည်ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက် နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့် အချိန်တွင် ပြုလုပ်သော နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံး အတိုင်းအတာ လှုပ်ရှားမှုတွင် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ မြန်မာသံအမတ်ကြီးနှင့်တကွ သံရုံးဝန်ထမ်းများ၊ စစ်သံရုံးဝန်ထမ်းများ ပါဝင်ခဲ့ကြပါသည်။ ယင်းမြန်မာစံတော်ချိန်နှင့် ညီမျှ သော အိန္ဒိယစံတော်ချိန်၌ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံအား တိုင်ဝက်ထိ လျှော့ချလွှင့်ထူပြီး အလံတိုင်ရှေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြု ဆုတောင်းခဲ့ကြပါသည်။