Myanmar Ambassador to India attends the 125th Meeting of the ASEAN New Delhi Committee (ANDC) (8-1-2025, New Delhi)
H.E. Mr. Zaw Oo, Ambassador of Myanmar to India, attended the 125th Meeting of the ASEAN New Delhi Committee (ANDC), held at the Indonesian Embassy in New Delhi on 8th January 2025 at 10:00 hrs.
H.E. Ms. Ina H. Krisnamurthi, Ambassador of Indonesia to India and Chair of the meeting, reviewed the activities of the ANDC during Indonesia’s chairmanship. The ASEAN Ambassadors in attendance exchanged views on strengthening economic relations between ASEAN countries and India, as well as enhancing ASEAN-India cooperation.
The ASEAN Ambassadors expressed their appreciation to H.E. Ms. Ina H. Krisnamurthi for her leadership as Chair during the second half of 2024. Following this, the Ambassador of Indonesia formally handed over the chairmanship to H.E. Mr. Bounmy Vanmany, Ambassador of Laos, who will assume the role for the first half of 2025.
During the meeting, the Ambassador of Myanmar highlighted key bilateral visits between Myanmar and India and reviewed the progress of bilateral cooperation. He also attended a luncheon welcoming the newly arrived Ambassadors of Myanmar and Cambodia to New Delhi, where he expressed heartfelt gratitude to the ASEAN family for their unwavering support and warm welcome in his remarks.
(၁၂၅) ကြိမ်မြောက် အာဆီယံ-နယူးဒေလီ ကော်မတီ အစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်
(၈-၁-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၈-၁-၂၀၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် နယူးဒေလီမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၂၅) ကြိမ်မြောက် အာဆီယံ-နယူးဒေလီ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Ms. Ina H. Krisnamurthi က ဥက္ကဋ္ဌတာဝန်ယူခဲ့သည့်ကာလအတွင်း ANDC ကော်မတီ၏ လှုပ်ရှားများ အား ပြန်လည်သုံးသပ်ခဲ့ပြီး အာဆီယံသံအမတ်ကြီးများက အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ အကြား စီးပွားဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
အစည်းအဝေးတက်ရောက်လာသည့် အာဆီယံနိုင်ငံ သံအမတ်ကြီးများက ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလအတွက် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည့် အင်ဒိုနီးရှားသံအမတ်ကြီးအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်မည့် အိန္ဒိယနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Boumy ထံသို့ အင်ဒိုနီးရှားသံအမတ်ကြီးမှ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီး ဦးဇော်ဦးက မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား အပြန်အလှန် သွားရောက်ခဲ့ သည့် ခရီးစဉ်များ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေမျာအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် နယူးဒေလီမြို့သို့ မကြာသေးမီက ရောက်ရှိလာသည့် မြန်မာသံအမတ်ကြီးနှင့် ကမ္ဘောဒီးယားသံအမတ်ကြီးတို့အား ကြိုဆိုဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်ခဲ့ပြီး အာဆီယံမိသားစုဝင်များအား နွေးထွေးစွာကြိုဆိုကြသည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။



