H.E. Mr. Zaw Oo attends the International Resilience Summit 2025 (6-9-2025, Bengaluru)

His Excellency Mr. Zaw Oo, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Republic of India, attended the International Resilience Summit 2025 which was held at the Shangari – La Hotel in Bangaluru, Karnataka, India at 10:00 a.m. on September 6, 2025, as the Chief Guest.
The summit was organized by the India Economic Trade Organization (IETO) and attended by representatives from various associations, economic sector experts, and business leaders. During the event Ambassador engaged in an open and cordial discussion on the current state of trade and investment between Myanmar and India, ongoing collaborative efforts, potential opportunities, and areas for future cooperation.

နိုင်ငံတကာ စီးပွားရေး ခံနိုင်ရည်ရှိမှု ထိပ်သီးအစည်းအဝေး ၂၀၂၅ အခမ်းအနားသို့ သံအမတ်ကြီးဦးဇော်ဦး တက်ရောက်
(ဘန်ဂလိုး၊ ၆-၉-၂၀၂၅)

နိုင်ငံတကာစီးပွားရေးခံနိုင်ရည်ရှိမှု ထိပ်သီးအစည်းအဝေး ၂၀၂၅ (International Resilience Summit 2025) အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ နံနက် ၁၀ နာရီတွင် အိန္ဒိယနိုင်ငံ၊ ဘန်ဂလိုးမြို့ရှိ ရှန်ဂရီလာဟိုတယ်၌ကျင်းပပြုလုပ်ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက ဧည့်သည်တော်အကြီးအကဲအဖြစ်
ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို အိန္ဒိယစီးပွားရေးနှင့် ကုန်သွယ်မှုအဖွဲ့ (India Economic Trade Organization – IETO) ကဦးစီးကျင်းပခြင်းဖြစ်ပြီး အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအလိုက်ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ကြပြီး သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား လက်ရှိကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ပါသည်။