Form 15
အိန္ဒိယနိုင်ငံရောက် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) ဖြန့်ဝေခြင်း
(၂၁-၈-၂၀၂၅၊ နယူးဒေလီမြို့)
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို (၂၈-၁၂-၂၀၂၅)ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၂။ (၂၁-၈-၂၀၂၅)ရက်တွင် ထုတ်ပြန်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ်(၆၂/၂၀၂၅)အရ အိန္ဒိယနိုင်ငံရောက် မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ကို အောက်ပါ link တွင် ရယူနိုင်ပါကြောင်း ဖြန့်ဝေအပ်ပါသည်။
၃။ အိန္ဒိယနိုင်ငံရောက် မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက် အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅)များကို မြန်မာသံရုံး၊ နယူးဒေလီမြို့သို့ ပေးပို့နိုင်မည့် နေ့ရက်မှာ (၂၁-၈-၂၀၂၅)ရက်မှ (၈-၉-၂၀၂၅)ရက်အထိ ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
၄။ မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံးသို့ ပုံစံ(၁၅) ပေးပို့ရာတွင် အောက်ပါအချက်များအား သတိပြုနိုင်ပါရန် အသိပေးအပ်ပါသည်-
(က) အချက်အလက်များကို ဖြည့်စွက်ရာတွင် အောက်ဖော်ပြပါ ပုံစံ (၁၅) နမူနာ ပုံစံအတိုင်း ပြည့်စုံစွာ ဖြည့်စွက်ပေးနိုင်ပါရန်၊
(ခ) ဖြည့်စွက်ထားသည့် ပုံစံ(၁၅)အား မြန်မာသံရုံး၊ နယူးဒေလီမြို့သို့ ပေးပို့ရာတွင် သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူတို့နှင့်အတူ ပေးပို့ပေးနိုင်ပါရန်၊
(ဂ )မြန်မာသံရုံးသို့ ၈-၉-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် လည်းကောင်း၊ စာတိုက်မှလည်းကောင်း၊ အီးမေးလ်ဖြင့် လည်းကောင်း ပေးပို့ပေးနိုင်ပါရန်။
၅။ သတ်မှတ်ရက်ထက် နောက်ကျပြီးမှ လက်ခံရရှိသည့် ပုံစံ(၁၅)များအား ကြိုတင်ဆန္ဒမဲပေးမည့် စာရင်းတွင် ထည့်သွင်းသွားမည် မဟုတ်ပါကြောင်းနှင့် မြန်မာသံရုံးလိပ်စာနှင့် သံရုံးအီးမေးလ် လိပ်စာတို့မှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
Address: 3/50F, Nyaya Marg, Chanakyapuri, New Delhi, 110021.
Email: myandelhi@gmail.com
https://www.uec.gov.mm/PDF/Form(15).pdf