Announcement of Kyat-Rupee Payment Mechanism for Bilateral Trade Between Myanmar and India

In a significant development aimed at enhancing bilateral trade between Myanmar and India, the Kyat-Rupee Payment Mechanism has officially been operationalized from January 25, 2024. This new payment system is designed to streamline trade transactions, reduce complexities, and increase the efficiency of financial settlements between the two nations.
The Kyat-Rupee settlement mechanism will be managed through a designated network of authorized banks. For Indian entities, Punjab National Bank (PNB) has been designated as the official partner, while Myanmar has selected a range of institutions to facilitate the process. The authorized Myanmar banks include:
• Myanma Economic Bank (MEB)
• United Amara Bank (UAB)
• Co-operative Bank (CB)
• Global Treasure Bank (GDB)
• Yoma Bank
• Myanmar Citizens Bank (MCB)
• Ayeyarwady Bank (AYA)
• A Bank
• Shwe Bank
To ensure smooth transactions, payments will be processed via the Special Rupee Vostro Account (SRVA) system, with clear payment guidelines already in place.
The new Kyat-Rupee payment mechanism is applicable to both sea trade and border trade, as well as to the exchange of both goods and services between the two countries. This system is expected to provide substantial benefits to traders by minimizing the impact of exchange rate fluctuations and reducing the costs associated with currency conversions. It also simplifies financial operations for businesses engaging in cross-border trade.
Businesses and traders are encouraged to begin utilizing this enhanced payment system for all relevant transactions.
Myanmar Embassy, New Delhi
23 July 2025
မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုတွင် ကျပ်-ရူပီး ငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာခြင်း
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုလွယ်ကူ ထိရောက်စေရန် ရည်ရွယ်ပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုဆောင်ရွက်ရာတွင် ကျပ်-ရူပီးဖြင့်ဆောင်ရွက်နိုင်ပြီဖြစ် ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်ကတည်းက ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ပါသည်။
ကျပ်-ရူပီးဖြင့် ငွေပေးချေမှုများနှင့်စပ်လျဉ်း၍ Designated Banks များအဖြစ် အိန္ဒိယနိုင်ငံ ဘက်မှ Punjab National Bank( PNB) နှင့် မြန်မာနိုင်ငံဘက်မှ MEB ၊ UAB ၊ CB ၊ GDB ၊ YOMA ၊ MCB ၊ AYA ၊ A Bank နှင့် Shwe Bank များကို သတ်မှတ်ခွင့်ပြုထားပြီးဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံ အကြား ကုန်သွယ်မှု ပြုလုပ်ရာတွင် Special Rupee Vostro Account (SRVA) ကို အသုံးပြု၍ ငွေပေး ချေမှုလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် ကျပ်-ရူပီးဖြင့်ပေးချေမှုကို ‌ပင်လယ်ရေကြောင်းကုန်သွယ်မှု နှင့် နယ်စပ်ကုန်သွယ်မှု နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ ကုန်စည်ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကုန်သွယ်မှု နှစ်မျိုးစလုံးအတွက်လည်း အသုံးပြုမည်ဖြစ်ပါသည်။
ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ဒေသသုံးငွေကြေးဖြစ်သည့် ကျပ်-ရူပီးဖြင့် ပေးချေမှုစနစ် ကို လက်ခံအသုံးပြုခြင်းဖြင့် ငွေလဲနှုန်းများနှင့်စပ်လျဉ်းသော စုစုပေါင်းကုန်ကျစရိတ်များကို လျှော့ချ နိုင်ပြီး၊ အဆင့်ဆင့်သော ငွေလဲလှယ်မှုများလျှော့ချပေးနိုင်မည်ဖြစ်သဖြင့် ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့် ကျပ်-ရူပီးပေးချေမှုစနစ်အား အသုံးပြုဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြန်မာသံရုံး၊ နယူးဒေလီမြို့
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့