Ambassador of Myanmar to India receives the donation for the people affected by earthquake (23-5-2025, New Delhi)

On May 23 2025, His Excellency Mr. Zaw Oo, Ambassador of Myanmar to India received 5000 Kg of Sugar valued at the amount of 4200 USD from the Principal of Modern Public School and Lion Pratibha Aggarwal, Lions Club Delhi at the Myanmar Embassy in New Delhi. The Ambassador expressed his heartfelt gratitude and presented Certificate of Appreciation in acknowledgement of their solidarity and support.
မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းသည့် သကြားကီလို (၅၀၀၀)အား သံအမတ်ကြီး ဦးဇော်ဦး လက်ခံရယူ
(၂၃-၅-၂၀၂၅ ရက်၊ နယူးဒေလီ)
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဘေးသင့်ပြည်သူများအတွက် Modern Public School မှ ကျောင်းအုပ်ကြီး နှင့် Lion Pratibha Aggarwal, Lions Club Delhi အဖွဲ့အစည်းတို့ က (အမေရိကန်ဒေါ်လာ ၄၂၀၀ ခန့်) တန်းဖိုးရှိသော သကြားကီလို (၅၀၀၀)ကို မြန်မာသံရုံး၊ နယူးဒေလီမြို့သို့ ၂၃-၅-၂၀၂၅ ရက်တွင် လာရောက်လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးဇော်ဦး က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။