Ambassador of Myanmar to India meets Joint Secretary of the Ministry of External Affairs of India (New Delhi, 11 September 2025)

H.E. Mr. Zaw Oo, Ambassador of Myanmar to India, met Shri B. Shyam, Joint Secretary of BM [Bangladesh, Myanmar] Division at the Ministry of External Affairs in New Delhi at 17:00 hrs on 11 September 2025.
During the call, they cordially exchanged views on matters pertaining to the further strengthening the long-standing friendly and neighborly relations between Myanmar and India, expanding the use of the Kyat-Rupee payment system in bilateral trade, and increasing bilateral cooperation particularly in the areas of trade, economic engagement, and border area management.

 

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်ထံ သွားရောက်တွေ့ဆုံ

(နယူးဒေလီ၊ ၁၁-၉-၂၀၂၅)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဌာန၊ တွဲဖက်အတွင်းဝန် ရှရီ ဘီ ရှရမ်နှင့် ၁၁-၉-၂၀၂၅ ရက်နေ့၊ ၁၇:၀၀ နာရီ တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် တွဲဖက်အတွင်းဝန်တို့သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ကျပ်-ရူပီး ငွေပေးချေမှုစနစ် တွင်ကျယ်လာစေရေး၊ ကုန်သွယ်မှု၊ စီးပွားဆက်သွယ်မှု၊ နယ်စပ်ဒေသ စီမံခန့်ခွဲမှု စသည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင် ရွက်မှု မြှင့်တင်နိုင်မည့် အလားအလာများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။