Ambassador H.E. Mr. Zaw Oo Attends Tree Plantation Ceremony in New Delhi (New Delhi, 18 September 2025)
At the invitation of the Ministry of External Affairs of India, His Excellency Mr. Zaw Oo, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Republic of India, attended the Tree Plantation Ceremony held at Central Ridge near the President’s Body Guard Polo Ground in New Delhi at 9:00 a.m. on 18 September 2025. On the occasion, the Ambassador planted an Aegle marmelos.
The tree planting ceremony was led by Hon’ble Union Minister of Environment, Forest and Climate Change of India, together with the Hon’ble Chief Minister of the National Capital Territory of Delhi, as part of the Seva Pakhwada – a 15-day nationwide programme of voluntary service to commemorate the 75th birthday of Hon’ble Prime Minister Shri Narendra Modi. The ceremony was attended by Ambassadors, Chargés d’Affaires, Envoys from over 70 countries and senior government officials.
နယူးဒေလီမြို့ သစ်ပင်စိုက်ပျိုးပွဲသို့ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်
(နယူးဒေလီ၊ ၁၈-၉-၂၀၂၅)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဒေလီမြို့၊ သမ္မတကိုယ်ရံတော်တပ်ဖွဲ့၏ ပိုလိုကွင်းအနီးရှိ Central Ridge တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ သည့် သစ်ပင်စိုက်ပျိုးရေးပွဲ အခမ်းအနားသို့ တက်ရောက်၍ ကျွဲကောပင် အား စိုက်ပျိုးခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ၁၅ ရက်တာ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုပေးခြင်း လှုပ်ရှားမှု (Seva. pakhwada) ကာလအတွင်း အိန္ဒိယအစိုးရ၊ ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှု ဝန်ကြီးဌာနဝန်ကြီးနှင့် ဒေလီမြို့တော်နယ်မြေဝန်ကြီးချုပ်တို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၇၀ ကျော်မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ဌာနဆိုင်ရာ အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။