ASEAN Ladies Circle (ALC) ၏ အမှုဆောင်ကော်မတီအစည်းအဝေးသို့ သံအမတ်ကြီးဇနီးတက်ရောက် (၂၂-၇-၂၀၂၅၊ နယူးဒေလီ)

​ASEAN Ladies Circle (ALC) ၏ Executive Committee Meeting No. 1/2025 အား ALC ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ ၂၂-၇-၂၀၂၅ ရက်နေ့၊ နံနက် (၁၀၀၀) တွင် အိန္ဒိယနိုင်ငံ၊ မလေးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ၏ဇနီး ဒေါ်ပွင့်နွယ်ဝေ ပါဝင်တက်ရောက်ခဲ့ပါသည်။
​အဆိုပါ အစည်းအဝေး၌ ALC ၏ ဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ သံအမတ်ကြီးဇနီး Mrs. Datin Najwa Zainal မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အသင်းဝင်ကြေးနှင့် အချိုးကျထည့်ဝင်ကြေးများ၊ ဈေးရောင်းပွဲတော်၊ အားကစားပွဲနှင့်ပတ်သက်သည့် ဘဏ္ဍာရေးရှင်းတမ်းကိစ္စရပ်များ ဦးဆောင်ဆွေးနွေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းပါဝင်ဆွေးနွေးခဲ့ကြပါသည်။
​ထို့နောက် မလေးရှားနိုင်ငံသံရုံးမှ တည်းခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ သံအမတ်ကြီး၏ဇနီးနှင့်အတူ အဖွဲ့ဝင်များက ပါဝင်တက်ရောက်ခဲ့ကြပါသည်။