Myanmar Ambassador H.E Mr. Zaw Oo Participates in ASEAN (Malaysia – 2025) Golf Tournament (New Delhi, 12 September 2025)
His Excellency Mr. Zaw Oo, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Republic of India, participated in the ASEAN (Malaysia – 2025) Golf Tournament together with other ASEAN Ambassadors. The tournament was held on 12 September 2025 in the afternoon at Qutab Golf Club in New Delhi.
The event was organized by the Embassy of Malaysia, as the current Chair of the ASEAN-India New Delhi Committee (ANDC). It was attended by officials from the Government of India, businesspersons, and invited guests.
အာဆီယံ မလေးရှား – ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာသံအမတ်ကြီး ဦးဇော်ဦး ပါဝင်ဆင်နွှဲ
(နယူးဒေလီ၊ ၁၂-၉-၂၀၂၅)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် နယူးဒေလီမြို့ရှိ Qutab Golf Club တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ မလေးရှား – ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲအခမ်းအနားသို့ အာဆီယံသံအမတ်ကြီးများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို အာဆီယံ-အိန္ဒိယ နယူးဒေလီကော်မတီ (ANDC) အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေသောမလေးရှားသံရုံးက ဦးစီး၍ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အိန္ဒိယအစိုးရမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။