Myanmar Ambassador to India Meets with Secretary of the Ministry of External Affairs (New Delhi, 27 December 2024)

H.E. Mr. Zaw Oo, Ambassador of Myanmar to India, met with Shri Jaideep Mazumdar, Secretary (East) of the Ministry of External Affairs, at the Ministry of External Affairs on 27 December 2024 at 11:00 hrs.
During the meeting, both sides held constructive discussions focused on strengthening bilateral relations and cooperation. They emphasized the need to expedite key projects for socio-economic development and explored ways to further deepen the strategic partnership, boost border trade, and enhance economic cooperation, while reaffirming the enduring and friendly ties between the two countries.
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ Secretary(East) နှင့် တွေ့ဆုံ
(နယူးဒေလီ၊ ၂၇-၁၂-၂၀၂၄)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ Secretary (East) ရှရီ ဂျိုက်ဒိ မာဇမ်ဒါနှင့် ၂၇-၁၂-၂၀၂၄ ရက်နေ့၊ ၁၁:၀၀ နာရီတွင် အိန္ဒိယ ပြည်ပ ရေးရာဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများ၏ လူမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် စီမံကိန်းများ အရှိန်အဟုန်မြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေ တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မဟာဗျူဟာ မြောက် ဆက်ဆံရေး နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားဆက်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအား သုံးသပ်ခဲ့ကြပါသည်။