နယူးဒေလီမြို့သို့ မကြာသေးမီက ရောက်ရှိလာသည့် သံအမတ်ကြီးများအား ကြိုဆိုပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက် (၂၀-၁၂-၂၀၂၄ ရက်၊ နယူးဒေလီ)

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် သံအမတ်ကြီးများအား သံတမန်နယကဖြစ်သူ အိန္ဒိယနိုင်ငံဆိုင်ရာ အီရိထရီးယားသံအမတ်ကြီး H.E. Mr. Alem Teshaye Woldemariam မှ ကြိုဆိုမိတ်ဆက်သည့် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ITC Maurya Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဇော်ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ရှရီ ပါဘီတြာ မာဂရီတာမှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး မကြာသေးမီက ရောက်ရှိလာသည့် သံအမတ်ကြီးများ အပါအဝင် နယူးဒေလီမြို့ရှိ သံအမတ်ကြီး(၂၃)ဦး တက်ရောက်ခဲ့ပါသည်။