Ambassador of Myanmar to India meets Ambassadors and High Commissioners of ASEAN countries (5-12-2024, New Delhi)

H.E. Mr. Zaw Oo, Ambassador of Myanmar to India, conducted constructive engagements with the Ambassadors and High Commissioners of ASEAN countries during visits to their respective Embassies and High Commissions in New Delhi from December 3 to 5, 2024.
On December 3, 2024, H.E. Mr. Zaw Oo met with H.E. Ms. Ina H. Krisnamurthi, Ambassador of Indonesia, and H.E. Ms. Pattarat Hongtong, Ambassador of Thailand. On December 4, 2024, he engaged with H.E. Mr. Muzafar Shah bin Mustafa, High Commissioner of Malaysia, and H.E. Mr. Bounmy Vanmany, Ambassador of Laos. Additionally, on December 5, 2024, he met H.E. Mr. Nguyen Thanh Hai, Ambassador of Vietnam; H.E. Mr. Josel Francisco Ignacio, Ambassador of the Philippines; and H.E. Mr. Simon Wong Wie Kuen, High Commissioner of Singapore.
During these courtesy calls, H.E. Mr. Zaw Oo and his ASEAN counterparts exchanged views on the progress of the ASEAN-New Delhi committee (ANDC), explored opportunities to further enhance cooperation between ASEAN member states and India, and and discussed ways to strengthen bilateral relations, promote people-to-people ties, and expand collaboration between Myanmar and the respective ASEAN nations.
အာဆီယံအဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တွေ့ဆုံ
(၅-၁၂-၂၀၂၄၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် နယူးဒေလီမြို့ရှိ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ၃-၁၂-၂၀၂၄ ရက်နေ့မှ ၅-၁၂-၂၀၂၄ ရက်နေ့အထိ သက်ဆိုင်ရာသံရုံးများသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၃-၁၂-၂၀၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ သံအမတ် ကြီး H.E. Ms. Ina H. Krisnamurthi နှင့် ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms. Pattarat Hongtong တို့အား လည်းကောင်း၊ ၄-၁၂-၂၀၂၄ ရက်နေ့တွင် မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Muzafar Shah bin Mustafa နှင့် လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Bounmy Vanmany တို့အား လည်းကောင်း၊ ၅-၁၂-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai ၊ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Josel Francisco Ignacio နှင့် စင်ကာပူနိုင်ငံသံအမတ်ကြီး H.E. Mr. Simon Wong Wie Kuen တို့အား လည်းကောင်း သွားရောက်တွေ့ဆုံ၍ အာဆီယံ-နယူးဒေလီကော်မတီ၏ တိုးတက်မှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် အိန္ဒိယနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အခြေအနေနှင့် မြန်မာ နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား နှစ်နိုင်ငံ ဆက်ဆံရေး၊ ပြည်သူများအကြား ကူးလူး ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။