Ambassador of Myanmar attends 1st edition of the BIMSTEC Traditional Music Festival 2025 (4-8-2025, New Delhi)

H.E. Mr. Zaw Oo, Ambassador of the Republic of the Union of Myanmar to India, attended the 1st edition of the BIMSTEC Traditional Music Festival 2025 held at the Plenary Hall, Baharat Mandapam in New Delhi, on 4th August at 6:00 PM, along with Ambassadors from BIMSTEC member countries. The Festival was organized by the Ministry of External Affairs and Indian council for Cultural relations of the Government of the Republic of India.
H.E. Dr. S. Jaishankar, Minister of External Affairs of the Republic of India, attended the music festival as a chief guest and deliverd a welcome remark. Artists from India, Bangladesh, Butan, Myanmar, Nepal, Srilanka and Thailand performed at the musical evening. Afterwards, Myanmar Ambassador H.E. Mr. Zaw Oo presented a congratulatory bouquet to the Myanmar artists from the Ministry of Religious Affairs and Culture and took commemorative photos.
မြန်မာသံအမတ်ကြီးက 1st edition of the BIMSTEC Traditional Music Festival 2025 သို့ တက်ရောက်
(၄-၈-၂၀၂၅ ရက်၊ နယူးဒေလီမြို့)
​အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနနှင့် Indian Council for Cultural Relations တို့၏အစီအစဉ်ဖြင့် 1st edition of the BIMSTEC Traditional Music Festival 2025 အား ၄-၈-၂၀၂၅ ရက်နေ့ (၁၈၀၀) နာရီတွင် နယူးဒေလီမြို့ရှိ Bharat Mandapam ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ မြန်မာ သံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
​အဆိုပါတေးဂီတပွဲတော်သို့ အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး Dr. S. Jaishankar က ဧည့်သည်တော်ကြီးအဖြစ် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ၎င်းတို့၏ ရိုးရာတေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် သံအမတ်ကြီး ဦးဇော်ဦး က မြန်မာ့ရိုးရာတေးဂီတဖြင့် ဖျော်ဖြေခဲ့သည့် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။