Commemoration of the 80th Armed Forces Day Hosted by the Embassy of the Republic of the Union of Myanmar and the Office of Military, Naval and Air Attache of the Republic of the Union of Myanmar (27-3-2025, New Delhi)

The 80th Armed Forces Day commemoration ceremony was hosted by the Embassy of the Republic of the Union of Myanmar and the Office of Military, Naval and Air Attache of Myanmar in New Delhi on 27th March 2025.
The ceremony commenced with the dignified rendition of the national anthems of Myanmar and India, followed by an address delivered by His Excellency Mr. Zaw Oo, Ambassador of Myanmar to India. The distinguished Chief Guest, Lt. General RS Raman, PVSM, AVSM, YSM, Director General of Military Intelligence (DGMI), also delivered a commemorative speech.
The event was attended by esteemed ambassadors, chargé d’affaires, diplomats, senior officials from the Indian Armed Forces, defence attaches, members of the Myanmar community, and families of the Myanmar Embassy and Office of the Military, Naval, and Air Attaché in New Delhi.

နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံး၊ နယူးဒေလီမှ ကြီးမှူးကျင်းပ

(၂၇-၃-၂၀၂၅ ရက်၊ နယူးဒေလီ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲ အခမ်း အနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံး၊ နယူးဒေလီမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ် အလေးပြုကြပြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက တက်ရောက် လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အထူးဧည့်သည်တော် Lt-General RS Raman, PVSM, AVSM, YSM (Director General Military Intelligence (DGMI) က တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ နယူးဒေလီမြို့ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် သံတမန်များ၊ အိန္ဒိယတပ်မတော်မှ အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် စစ်သံရုံးများမှ စစ်သံမှူးများ၊ မြန်မာအသိုက်အဝန်းမိသားစုများ၊ မြန်မာသံရုံး၊ နယူးဒေလီမြို့နှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ)ရုံး မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။