(၁၆) ကြိမ်မြောက် (သောဠသမအကြိမ်) ဗုဒ္ဓဂယာ မဟာကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက် (၂၇-၁၀-၂၀၂၄၊ ဂယာမြို့)
အိန္ဒိယနိုင်ငံ၊ မဇ္စျိမဒေသ-ဗုဒ္ဓဂယာတွင် မဟာကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်း အနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရမှ နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် (သောဠသမအကြိမ်) ဗုဒ္ဓဂယာ မဟာကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့၊ မြန်မာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ မဟာကထိန် အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ဦးဇော်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုးနှင့် မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာစစ်သံရုံး (ကြည်း၊ရေ၊ လေ) တို့မှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၌ သီတင်းသုံးနေကြသော မြန်မာဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်ကြီးများ နှင့် သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များနှင့် တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြား နေသော သံဃာတော်များ/သီလရှင်များအား လှူဖွယ်ဝတ္ထုနှင့် မဟာဘုံကထိန် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။




The Ambassador of Myanmar to India attends the 16th Kathina Robes Donation Ceremony
(27-10-2024, Gaya)
The Government of the Republic of the Union of Myanmar annually commemorates the Kathina Robes Donation Ceremony in the revered land of Mizzima, Gaya, India. This year, the ceremony was held on October 27, 2024, at the Myanmar Monastery in Gaya, Bihar, India. Among those present were His Excellency Mr. Tin Oo Lwin, Union Minister for Religious and Cultural Affairs; His Excellency Mr. Zaw Oo, Ambassador of Myanmar to India; Mr. Soe Min Tun, Director-General of the Department for the Promotion and Propagation of the Sasana; Mr. Tin Moe, Consul General of Myanmar; along with officials from the Myanmar Embassy and the Military Attache Office (Army, Navy and Air). During the ceremony, Kathina robes and various offertories were respectfully donated to the Venerable Buddhist monks, nuns, and sāmaṇera residing at the Myanmar Monasteries in India. In addition, meals were graciously offered to the esteemed Venerable Buddhist Monks.