အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်း၌ ကျင်းပပြုလုပ်သော အိန္ဒိယနိုင်ငံ၊ ပရဒေသီသံဃနာယကအဖွဲ့ပြန်လည်ဖွဲ့စည်းရေးဆိုင်ရာအစည်းအဝေးသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဦးပါဝင်တက်ရောက် (၁၈-၃-၂၀၂၅ ရက်၊ ဥတ္တာပရာဒေ့ရှ်)
အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့၊ ကုသိနာရုံမြန်မာကျောင်း၌ ကျင်းပ ပြုလုပ်သော အိန္ဒိယနိုင်ငံ၊ ပရဒေသီသံဃနာယကအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးဆိုင်ရာ အစည်း အဝေးသို့ ပရဒေသီသံဃနာယကအဖွဲ့ ဒုတိယဥက္ကဌဆရာတော် ကုသိနာရုံ မြန်မာကျောင်း ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော မြန်မာ ကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်းနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ဦး၊ သာသ နာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကော်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီး၌ရောက်ရှိ သီတင်းသုံးနေကြသော မြန်မာထေရဝါဒရဟန်းတော်များအားလုံးကို ကိုယ်စားပြုရာ ပရဒေသီသံဃအဖွဲ့ကို ၁၉၈၁ ခုနှစ်မှာ Myanmar Buddhist Sangha Council of India အမည်ဖြင့် စတင်ဖွဲ့စည်းကာ၊ ၁၉၉၂ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်တို့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အဖွဲ့ကြီး၏ဥက္ကဌဆရာတော်နေရာလစ်လပ်သွားသဖြင့် စတုတ္ထအကြိမ် ပြန်လည်ဖွဲ့စည်းရန် အတွက် သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသံရုံး၊ နယူးဒေလီမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ကော်ကတ္တားမြို့နှင့် အိန္ဒိယနိုင်ငံတစ်ဝန်းလုံးရှိ မြန်မာများကျောင်းမှ ဆရာတော်၊ သံဃာတော်များ စုပေါင်းတိုင်ပင်ဆွေးနွေးကြသည့် အစည်းအဝေးဖြစ်ပါသည်။
His Excellency U Zaw Oo, the Ambassador of Myanmar to the Republic of India, attends the meeting on the fourth reformation of the Myanmar Buddhist Sangha Council of India, which was held at the Myanmar Monastery in Kushinagar, Uttar Pradesh, India.
(March 17, 2025 – Kushinagar, Uttar Pradesh, India)
The meeting was presided over by the Vice Chairman of the Myanmar Buddhist Sangha Council of India, the esteemed Abbot of Kushinagar Myanmar Monastery, Agga Maha Pandita, Abhidhaja Maha Rattha Guru, Dr. Bhaddanta Ñyarnithara. Also in attendance were revered monks and abbots, nuns from various Myanmar monasteries, Deputy Minister for Religious Affairs and Culture, U Aye Tun, Myanmar Ambassador to India, U Zaw Oo, Director General of the Department for the Promotion and Propagation of the Sasana, U Soe Min Tun, Consul General of Myanmar in Kolkata, U Aung Aung Myo Thein, and other dignitaries.
The Myanmar Buddhist Sangha Council of India was first established in 1981, representing Theravāda Buddhist monks residing across different countries. The council underwent restructuring in 1992 and 2001. However, as the position of the Chief Abbot of the organization remained vacant since 2021, fourth reformation effort has been implemented by the Ministry of Religious Affairs and Culture, in collaboration with the Myanmar Embassy in New Delhi, the Consulate-General of Myanmar in Kolkata, and the abbots and monks from various Myanmar monasteries across India.