အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်း၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဆက်ကပ်လှူဒါန်းသည့် “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် ၂ ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတက်ရောက် (၁၈-၃-၂၀၂၅ ရက်၊ ဥတ္တာပရာဒေ့ရှ်)

အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့၊ ကုသိနာရုံမြန်မာကျောင်း၌ ကျင်းပ ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် ၂ ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ ပရဒေသီသံဃနာယကအဖွဲ့ ဒုတိယဥက္ကဌဆရာတော် ကုသိနာရုံ မြန်မာကျောင်း ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော မြန်မာကျောင်းများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကော်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များအား ရဟန်းတော် ၄၁၅ ပါး၊ သီလရှင် ဆရာကြီး ၃၆ ပါး၊ လူပုဂ္ဂိုလ် ၅၃ ဦးတို့ကို ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ပါသည်။ ပြည်ပနိုင်ငံ အသီးသီးမှ ဘွဲ့ခံဆရာတော်ကြီး(၈)ပါး၊ သီလရှင်ဆရာကြီး(၁)ပါးနှင့် လူပုဂ္ဂိုလ်အမျိုးသားနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၁၃)ပါး/ဦးတို့အနက် အမြင့်ဆုံးဘွဲ့ ၂ မျိုးဖြစ်သည့် အဘိဓဇမဟာရဌဂုရုနှင့် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇတို့ကိုသာ မြန်မာနိုင်ငံသို့ပင့်ဖိတ်၍ ဘွဲ့တံဆိပ်တော်နှင့် အဆောင် ယောင်များ အပ်နှင်းချီးမြှင့်ခဲ့သော်လည်း အခြား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အား သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများမှ ပေးအပ်ချီးမြှင့်လေ့ရှိကြောင်း သိရှိရပါသည်။